သတင်းတို

ဗိုလ်ချုပ်ပုံ တံဆိပ်ခေါင်းနှင့် စာအိတ်များ ရောင်းအားကောင်းနေ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်းရှိ စာတိုက် ၈၂ ခုတွင် ယနေ့ စတင် ရောင်းချသည့် ဗိုလ်ချုပ် အောင်ဆန်းပုံ တံဆိပ်ခေါင်းနှင့် တံဆိပ်ခေါင်းပါ စာအိတ်တို့ကို ပြည်သူလူထု စိတ်ဝင်စားမှုများ၍ နေပြည်တော်နှင့် ရန်ကုန်စာတိုက်ကြီး တို့တွင် ဝယ်လိုအား များပြားလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့စာတိုက်လုပ်ငန်း မန်နေဂျာ ဦးသောင်းနိုင်စိုး က “တော်တော်လေးလူကြိုက်များတယ်။ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးကြသူတွေက ဗိုလ်ချုပ် ဓါတ်ပုံနဲ့ ပို့စကတ်လေးတွေ၊ တံဆိပ်ခေါင်းပါ စာအိတ်လေးတွေ ဝယ်ကြတယ်။ ရန်ကုန် စာတိုက်ကြီးမှာ သိန်း ၁၅၀ ဖိုးလောက် အထိ ရောင်းရတယ်။ နေပြည်တော်မှာလည်း ရောင်းနေရတယ်”ဟု ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ မီဒီယာများကို ပြောသည်။

တံဆိပ်ခေါင်း၏ တန်ဖိုးမှာ ၅၀၀ကျပ်၊ စာအိတ်မှာ ၂၀၀ ကျပ်၊ ဗိုလ်ချုပ်ပုံပါ ပို့စကတ် ၁၀၀ ကျပ်နှင့် တံဆိပ်ခေါင်းပါ နိုင်ငံတကာသို့ ပို့နိုင်သည့် စာအိတ်မှာ ၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ၅၀၀ ကျပ်တန် တံဆိပ်ခေါင်း အလုံးရေ ၃ သိန်းနှင့် တံဆိပ်ခေါင်းပါ စာအိတ်အလုံးရေ ၃ သိန်း ထုတ်လုပ်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တံဆိပ်ခေါင်းကို မြန်မာ့သမိုင်းတွင် ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံ လွှတ်လပ်ရေးရရှိသည့် အထိမ်းအမှတ်အဖြစ် စတင်ထုတ်ဝေခဲ့ဖူးပြီး ယင်းအချိန်က တံဆိပ်ခေါင်း ၅ ခုကို စတင်ထုတ်ဝေခဲ့ကြောင်း၊ ၁၉၆၈ ခုနှစ် လွှတ်လပ်ရေးနေ့ အထိမ်း အမှတ် အဖြစ် ဒုတိယအကြိမ်၊ ၁၉၇၂ ခုနှစ်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တတိယအကြိမ် ထုတ်ဝေခဲ့သည်ဟု မြန်မာ့စာတိုက် လုပ်ငန်းထံမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading