အမေရိကန်ရေတပ်မှ သယ်ယူပိုဆောင်ရေး စစ်သင်္ဘော USNS Fall River ဟာ ဒီတပတ်အတွင်း ရန်ကုန်မြို့ကို ချစ်ကြည်ရေးခရီးလာရောက် မယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေက စစ်သင်္ဘောတွေ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အကြိမ်ကြိမ်လာ ရောက်ခဲ့ပေမယ့်၊ အမေရိကန်ရေတပ် စစ်သင်္ဘော ပထမဆုံးအကြိမ်လာရောက်လည်ပတ်တာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ အမှတ် ၇ ရေတပ်သင်္ဘောက တီးဝိုင်း မြန်မာနိုင်ငံက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံမယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာအတွင်းက တပ်မတော်(ရေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အမေရိကန်မှာပြုလုပ်တဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။