သတင်းတို

ထိုင်း ဝန်ကြီးချုပ် ပရာယွဒ်ကို သတ်ဖြတ်ရန် ရှပ်နီများ ကြံစည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကို သတ်ဖြတ်ရန်နှင့် ဓမ္မကာယ ဘုန်းကြီးကျောင်းကို ပိတ်ဆို့ထားသည့် အာဏာပိုင်များကို တိုက်ခိုက်ရာတွင် သုံးရန် ရည်ရွယ်သည်ဟု ယူဆရသည့် စစ်လက်နက်ပစ္စည်း အများအပြား ကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ စစ်လက်နက်တွေကို ပထုံဌာနီမှာရှိတဲ့ ရှပ်နီအမာခံခေါင်းဆောင် ဝပ်သီပေါင် ကိုချာသမ် မာခန့်၏ နေအိမ်ကနေ ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ချပ်ခ်သစ် ချိုင်ချင်ဒါက ယင်းလက်နက်တွေဟာ ၂၀၁၀ ခုနှစ်က ဘန်ကောက်မြို့ လယ်မှာ ဖြစ်ပွားခဲ့တဲ့ ရှပ်နီတို့ရဲ့ အကြမ်းဖက် နိုင်ငံရေးလှုပ်ရှားမှု အတွင်းက ထိုင်းစစ်သားများထံမှာ ရယူ ထားတဲ့ လက်နက်တွေဖြစ်တယ်၊ အတိအကျ ပြောရလျှင် ထိုလက်နက်များသည် နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် ကြီးပရာယွဒ်ကို လုပ်ကြံဖို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။

သို့သော် ပထုံဌာနီရှိ ရှပ်နီအမာခံခေါင်းဆောင် ဝမ်သီပေါင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိနေထိုင်လျှက် ရှိပြီး၊ ၎င်းကမူ အဆိုပါ လက်နက်တွေဟာ သူနဲ့ မသက်ဆိုင် ကြောင်း Youtube ဗီဒီယိုတခုမှာ ရှင်းလင်း ထားပါတယ်။

အလားတူ အာဏာရှင်စနစ်ကို ဆန့်ကျင်သော ညီညွတ်သော ဒီမိုကရေစီတပ်ဦး (UDD) ပူးတွဲခေါင်းဆောင် Weng Tojirakarnကလည်း ယခုလုပ်ရပ်မှာ ရှပ်နီများကို လက်နက်ကိုင်အုပ်စု အဖြစ် ထောင်ခြောက်ဆင်သည့် သတင်းအတုသာဖြစ်ကြောင်းဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ရှပ်နီခေါင်းဆောင် ဝမ်သီပေါင်သည် အိမ်နီးချင်းနိုင်ငံတခုတွင် ပုန်းအောင်းနေပြီး၊ သူသည် ဓမ္မကာယကျောင်းတိုက်အရေးမှာ လက်နက်စုဆောင်းရာ၌ အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး ဒါဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ရှု့မြင်ကြောင်းဆိုပါတယ်။

ရှပ်နီခေါင်းဆောင် ဝမ်သီပေါင်ဟာ ပထုံဌာနီ အခြေစိုက် ရေဒီယိုစတေရှင်တခုတွင် အလုပ်လုပ်နေရာမှ စစ်တပ်နှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် လူသိများလာကာ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် ဧပြီလက ထိုင်းတော်ဝင်မိသားစုကို အသေရေဖျက်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရကာ ရဲက အလိုရှိနေသူတဦးဖြစ်ပါတယ်။

ထိုစဉ်က စစ်တပ်၏ တပ်မှူးတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွဒ်ကို ရှပ်နီခေါင်းဆောင် ဝမ်သီပေါင်က ရေဒီယိုအစီ အစဉ်တခုတွင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ၂လအကြာမှ ထိုသို့ စွဲချက်အတင်ခံရခြင်းဖြစ်ပါတယ်။

ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီး ပရာယွဒ်က သူ့ကိုသတ်ရန် အမိန့်ထုတ်ထားသည်ဟု ပြောဆိုကာ  ၂၁၀၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် ကမ္ဘောဒီးယားသို့ ဝမ်သီပေါင်ထွက်ခွာသွားခြင်းဖြစ်သည်။
ဝမ်သီပေါင် ပြန်လည်လွှဲအပ်ရန် အိမ်နီးချင်း ကမ္ဘောဒီးယားသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်ကြားချက်မရဟု သိရပါတယ်။

ဝမ်သီပေါင်ရဲ့ အုပ်စုမှ လူများသည်  ဗိုလ်ချုပ်ကြီ ပရာယွဒ်အပါအဝင် အစိုးရခေါင်းဆောင် တွေကို လုပ်ကြံဖို့ ဒီလက်နက်တွေကို သုံးကာ ပြင်ဆင်နေတယ်လို့ စုံစမ်းရကြောင်း” ရဲတပ်ဖွဲ့ အကြီးအကဲ ချပ်ခ်သစ်က ဆိုပါတယ်။

“မှန်ပြောင်းပါတဲ့ ရိုင်ဖယ်တလက်တွေ့တယ်၊ ဒါဟာငှက်ပစ်ဖို့မဟုတ်ဘူး၊နိုင်ငံခေါင်းဆောင်တွေကို လုပ်ကြံဖို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ အာမခံပါတယ်”လို့ သူက ပြောပါတယ်။

ထို့အပြင် ဓမ္မကာယ ကျောင်းရှိ လူများကို အင်အားသုံးဖြိုခွင်းဖို့ အစိုးရအနေဖြင့် ဆုံးဖြတ်ခဲ့ပါက ရှပ်နီအုပ်စု အနေဖြင့် အကူအညီပေးရန် အသင်ပြင်ထားကြောင်း၊ ထိုသို့ဖြစ်ပါက ထိုင်းရဲတပ်ဖွဲ့ဝင်များ ထိခိုက်ကုန်မည် ဖြစ် ကြောင်းလည်း ဆိုပါတယ်။

ထု့ိအပြင် ဝမ်သီပေါင်ဟာ ဘုရင်စနစ်ကို တိုက်ဖျက်ဖို့လည်း လူထုကို လှုံဆော်သလို ဓမ္မကာယကျောင်းကို လည်း ထောက်ခံသူဖြစ်ကြောင်း၊ ဝမ်သီပေါင်၏ လူများဟာ ဘုန်းကြီးကျောင်းဝင်းထဲမှာ သွားလာလှုပ်ရှားနေတာ ကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ယခုအခါ လက်နက်ရှာဖွေဖမ်းဆီးမှုတွေကို ခရိုင် ၇ခုရှိ နေရာ ၉နေရာတွင် ဆက်လက်နေတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading