ရုရှားမာဖီယားဂိုဏ်းဝင်များဟု ယူဆရသည့် ၄ဦးကို ထိုင်းရဲတပ်ဖွဲ့က ပင်လယ်ကမ်းခြေမြို့ ပတ္တယား တွင် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြုလုပ်တဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးအရ ဖမ်းဆီးခဲ့တဲ့ နိုင်ငံခြားသားများတွင် ရုရှား၊ ယူကရိန်း၊ ဘီလာရုစ်၊ ဥဇဘက်၊ မော်ရိုကန်နှင့် အိန္ဒိယသားများ ပါဝင်ကြောင်းသိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဗျူရိုအကြီးအကဲ ရဲဗိုလ်ချုပ် Nathathorn Prousoonthorn ရဲ့ အဆိုအရ ဖမ်းမိတဲ့ ရုရှား ၄ဦးဟာ မာဖီးယား ဂိုဏ်းဝင်တွေလို့ သံသယရှိပြီး၊ သူတို့ကို သက်ဆိုင်ရာ အစိုးရများနဲ့ နိုင်ငံ တကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က အလိုရှိနေသူတွေလို့ ယူဆကြောင်းဆိုပါတယ်။
ဆာဂျီ မာရီဗ်ဆိုတဲ့ ရုရှားကိုတော့ ပတ္တရားမှာ ဖေဖေါ်ဝါရီ ၁၉ မှာ ဖမ်းခဲ့ပြီး၊ ထိုင်းနိုင်ငံထဲကို အကြိမ် ကြိမ်ဝင် ထွက်ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ လာအိုကနေ နောင်ခိုင်လမ်းက ပြန်ဝင်လာသူဖြစ်တယ်လို့ ဆိုပါတယ်။
ဆာဂျီ မာရီဗ်ကို ရုရှားရဲတပ်ဖွဲ့ကို ခိုးမှုနဲ့ အလိုရှိနေသလို၊ ဒင်နီလော့ဗ်ဆိုသူကဟာလည်း အင်တာပိုလ် ကမူးယစ်ဆေးဝါးမှုနဲ့ အလိုရှိနေသူဖြစ်ပါတယ်။ အလားတူ ကရီဗန်ဆော့ ဆိုသူကိုလည်း မူးယစ်အမှုနဲ့ အလိုရှိနေပါတယ်။
ထိုင်းအာဏာပိုင်များကတော့ သူတို့ကို ဗီဇာရက်လွန် နေထိုင်မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားပါတယ်။