ရေကန်ထဲ ပစ်ချတဲ့ အကြွေစေ့တွေကို မျိုချရာက အစာအိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ အသက် ၂၅ အရွယ်ရှိ ပင်လယ်လိပ်မကြီး ဟာ ဒီကနေ့ မနက်မှာ သေဆုံးသွားပြီဖြစ် တယ်လို့ ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ်က တိရစ္ဆာန်ဆေးကုသရေး ဆရာဝန် အဖွဲ့က ပြောကြားချက်ကို ကိုးကားပြီး Khaosad သတင်းက ဆိုပါတယ်။
စုဗူးလို့ အမည်ရတဲ့ လိပ်မကြီးဟာ ရေကန်ထဲကို လူတွေလွှင့်ပစ်တဲ့ အကြွေစေ့တွေကို မျိုချတာကြောင့် ရေမကူးနိုင်တော့တဲ့ အတွက် ပြီးခဲ့တဲ့ မတ် ၆ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပါ တယ်။
အဲဒီလိပ်မကြီး သေဆုံးသွားတာနဲ့ ပတ်သက်လို့ ခွဲစိတ်ကုသမှုပေးခဲ့တဲ့ တိရစ္ဆာန် ဆရာဝန်အဖွဲ့ ခေါင်းဆောင် နန်တာရီကာ ချန်ဆူဟာ ငိုကြွေးရင်း ကြေညာသွားတာဖြစ်ပြီး၊ လိပ်မကြီးကို တောထဲကို လွှတ်ကာ သဘာဝအတိုင်း နေထိုင်ဖို့ စီစဉ်နေစဉ်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
လိပ်မကြီးဟာ ကိုယ်အလေးချိန် ၅၉ ကီလိုရှိပြီး သူမျိုချခဲ့တဲ့ အကြွေစေ့အလေးချိန်ကတော့ ၅ ကီလို လောက်ရှိတဲ့အတွက် ရေမကူးနိုင်တော့တာကြောင့် ပြီးခဲ့တဲ့ မတ် ၆ရက်နေ့က ခွဲစိတ်ကုသမှုကို ပေးခဲ့တာမှာ သူ့အစာအိမ်ထဲကနေ အကြွေစေ့ မျိုးစုံ ၉၁၅ စေ့ ဖယ်ရှားပေးခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရိစ္ဆာန်ဆရာဝန် နန်တာရီကာ ချန်ဆူက လူတွေအနေနဲ့ ရေကန်ထဲကို အကြွေစေ့တွေ ပစ်မချဖို့ သတိပေးလိုက်သလို၊ လိပ်မကြီးရဲ့ သင်ခန်းစာကို ယူလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။