သတင်းတို

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သံအမတ်နှင့် တွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟောင်လိုင်နှင့် ယနေ့နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံကာ နယ်စပ်ဒေသတွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးကြောင်းသိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များက တိုင်းရင်းသားလက်နက်ကိုင်များ အရှေ့မြောက်ဒေသတွင် စစ်ရေးလှုပ်ရှားမှု အခြေအနေ၊ နှစ်ဘက်ကျဆုံးမှုများလည်း ရှိသလို နှစ်နိုင်ငံ ကုန်သွယ်ရေးကို ထိခိုက်ခဲ့ကြောင်း၊ လက်နက်ပဋိပက္ခကြောင့် နိုင်ငံချို့တဲ့ပြီး မချမ်းသာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ကြောင်း၊ မြန်မာနှင့် တရုတ်မှာ မဟာဗျူဟာမိတ်ဖက် နိုင်ငံများဖြစ်၍ နှစ်ဖက်အကျိုးရှိအောင်  လုပ်ရမည်ဖြစ်ကြောင်း ပြောကြားသလို၊ တရုတ်သံအမတ် ဟောင်လိုင်ကလည်း နယ်စပ်အရေးကြောင့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

မကြာမီက ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲများကြောင့် တရုတ်ဖက်ကို လူ ၃သောင်းခန့် ထွက်ပြေးသွား ခဲ့ရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း စစ်ရေးလှုပ်ရှားမှု ရပ်ဖို့ တရုတ်က ပြောခဲ့ပါတယ်။

တရုတ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမှာ ပါဝင်လုပ်ဆောင်နေတယ်လို့ ဆိုပေမယ်၊ တရုတ်ရဲ့ မြန်မာအပေါ်ထားရှိတဲ့ ပေါ်လစီဟာ မီးစတဖက် ရေမှုတ်တဖက်ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာသူ ဘာတေးလင့်တနာက Asia Times သတင်းမှာ ရေးသားဝေဖန်ခဲ့ပါတယ်။

Loading