သတင်းတို

မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်ပြန်

အမေရိကန်က စစ်ရေးအရ အရေးယူသည့် နည်းလမ်းကို အသုံးပြုကောင်းပြုမည်ဟု ကြေညာထား သည်ကြားမှ မြောက်ကိုရီးယားက ဒုံးပျံတစင်းကို ယနေ့ နံနက်ပိုင်းက ပစ်လွှတ်ခဲ့ကြောင်း တောင် ကိုရီးယား သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် ဒီဒုံးပျံဟာ စက္ကန့်ပိုင်းအတွင်း ပျက်ကျသွားတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းဒေသကနေ စမ်းသပ်ပစ်လွှတ်တာဖြစ်ပြီး အမေရိကန် ပစ္စဖိတ်ဒေသ စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ယနေ့နံနက် ၇နာရီ ၄၉မိနစ်ခန့်က မြောက်ကိုရီး ယား ဒုံးပျံပစ်လွှတ်ခြင်းဖြစ်ကြောင်းဒါပေမယ့် မအောင်မြင်ကြောင်းပါရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တဲလားဆွန်းရဲ့ အာရှ ၃နိုင်ငံခရီးစဉ်အတွင်း တောင်ကိုရီးယားကို ရောက်စဉ်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်တာတွေ၊ ဒုံးပျံပစ်လွှတ် တာတွေကို အမေရိကန်အနေနဲ့ သည်းမခံနိုင်တော့ကြောင်း၊ ဒါကြောင့် စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့တာတွေအပြင် စစ်ရေးနည်းကိုပါ အသုံးပြုနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုပြီးနောက်မှာ မြောက်ကိုရီးယားဟာ စွမ်းပကားပိုကြီးတဲ့ ဒုံးပျံအင်ဂျင်ကို စမ်းသပ်နေတယ်လို့ ပြောဆိုလိုက်ပြီးနောက်မှာ အခုလို ဒုံးပျံထပ်မံ လွှတ်လိုက်တာဖြစ်ပါတယ်။

Loading