ပြည်တွင်းမှ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များကို နိုင်ငံခြားငွေ ထုတ်ချေးပေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက”ဘဏ်လုပ်ငန်းနဲ့ ပတ်သက်လို့ ကျနော်တို့ ပြင်ဆင်စရာတွေ အများကြီးရှိတယ်။ ပြည်တွင်းက ဘဏ်လုပ်ငန်းတွေရော ပြည်ပကဘဏ်လုပ်ငန်းတွေ ပြင်ဆင်စရာအများကြီး ရှိတယ်။ ပြည်တွင်းမှာ နိုင်ငံခြားငွေ သုံးစွဲလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ပြည်တွင်းဘဏ်တွေကတဆင့် နိုင်ငံခြားငွေ (FE) ထုတ်ချေးခွင့် ရတဲ့အထိ လုပ်သွားမယ်”ဟု ပြောသည်။
လက်ရှိတွင် ဘဏ်လုပ်ငန်းများကို ဒေါ်လာနှင့် ငွေချေးခွင့် ပြုထားခြင်းမရှိသော်လည်း ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် အချို့မှ ဒေါ်လာဖြင့် ငွေချေးခွင့်ပေးရန် ဗဟိုဘဏ်သို့ တင်ပြတောင်းဆိုထားသည်များ ရှိနေကြောင်း ပြည်တွင်းဘဏ် လုပ်ငန်းရှင်များထံမှ သိရသည်။