ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ထရော်ကျေးရွာ တိုက်နယ်ဆေးရုံကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က မူလတည်ဆောက်မည့် မြေနေရာမှ တခြားနေရာသို့ ပြောင်းလဲ သတ်မှတ်ခဲ့သည့်အပေါ် မကျေနပ်သဖြင့် ထရော်တိုက်နယ်ရှိ ကျေးရွာများမှ ဒေသခံ ၅၀၀ ခန့်က ယနေ့ နံနက်တွင် ကျိုက်လတ်မြို့ပေါ်၌ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
ဆေးရုံတည်ဆောက်ရန် ဘတ်ဂျက်ရရှိလာချိန်မှ နေရာပြောင်းလဲခဲ့သည့် အပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ပြန်လည်စဉ်းစားပေးရန်၊ ဆေးရုံဆောက်လုပ်မည့် မြေနေရာ ပြောင်းလဲသွားစေရန် မမှန်မကန် လိမ်လည် တင်ပြသည့် ဒေသဆိုင်ရာ တာဝန်ရှိသူများကို အရေးယူပေးရန် ဆန္ဒဖော်ထုတ်သူများက တောင်းဆိုခဲ့ကြသည်။