သတင်းတို

တရုတ်မောင်းသူမဲ့လေယာဉ် စက်ရုံ ဆော်ဒီ ၌ တည်ဆောက်မည်

အရှေ့အလယ်ပိုင်းဒေသမှာ တရုတ်တို့ရဲ့ ပထမဆုံး မောင်းသူမဲ့လေယာဉ် စက်ရုံတည်ဆောက်ရေးကို ဆော်ဒီအာရေဗီးယားနိုင်ငံက ခွင့်ပြုလိုက်ကြောင်း South Chian Morning Post သတင်းက ဆိုပါ တယ်။

ဆော်ဒီအာရေဗီးယားဘုရင် ဆူလေမန် အဗ္ဗဒူလာ ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ မောင်းသူမဲ့ လေယာဉ် စက်ရုံ တည်ဆောက်ရေး ခွင်ပေးခဲ့တာဖြစ်တယ်လို့ ဆော်ဒီ သိပ္ပံနှင့် နည်းပညာ အဖွဲ့ အစည်းက အတည်ပြုလိုက်သလို၊ အပတ်စဉ်ထုတ် ဂျိန်းစ် ကာကွယ်ရေးစာစောင်ရဲ့ အဆိုအရ ဆော်ဒီသိပ္ပံနှင့် နည်းပညာအဖွဲ့ကြီးနှင့် တရုတ် အာကာသသိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့(CASC) တို့က CH- 4 အမျိုးအစား မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်ဖို့ သဘောတူခဲ့ တာဖြစ် ကြောင်း ဆိုပါတယ်။

အဆိုပါ CH- 4 မောင်းသူမဲ့ လေယာဉ်တွေဟာ အမေရိကန်လေတပ်မှာ လက်ရှိသုံးနေတဲ့ MQ- 1 Predator တွေနဲ့ စွမ်းရည်တူကြောင်း သိရပါတယ်။

အလားတူ တရုတ်နဲ့ ဆော်ဒီအာရေဗီးယား အကြားမှာ အမေရိကန်ဒေါ်လာ ၆၅ ဘီလျံတန်ဘိုးရှိ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနဲ့ ပညာရေး၊ နည်းပညာကဏ္ဍများမှာ ရင်းနှီးမြုပ်နှံဆောင်ရွက်မှုများ ပြုလုပ်ဖို့လည်း သဘောတူခဲ့ပါတယ်။

တရုတ်တို့အနေနဲ့ ဒီလို CH- 4 မောင်းသူမဲ့လေယာဉ်စက်ရုံ ဆော်ဒီအာရေဗီးယားမှာ တည်ဆောက်ဖို့ သဘောတူညီခြင်းဟာ ပါကစ္စတန်နဲ့ မြန်မာပြီးနောက် တတိယမြောက်နိုင်ငံဖြစ်တယ်လို့ တရုတ် အာကာသသိပ္ပံနှင့် နည်းပညာအဖွဲ့(CASC)မှာ အလုပ်လုပ်ခဲ့တဲ့  Zhou Chenming ကို ကိုးကားပြီး South China Morning Post သတင်းကဆိုပါတယ်။

မြန်မာ့တပ်မတော်တွင် တရုတ်လုပ် မောင်းသူမဲ့လေယာဉ် CH-3A အမျိုးအစားမောင်းသူမဲ့လေယာဉ် များကို အရှေ့မြောက်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများ တွင်အသုံးပြုလျှက်ရှိသည်။

Loading