Jeff Bezos ဟာ Amancio Ortega နဲ့ Warren Buffett တို့ကို ဖြတ်ကျော်ပြီး ၂၀၁၇ ခုနှစ် မတ်လရဲ့ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် အဖြစ် စာရင်းဝင်သွားတဲ့ အကြောင်း Bloomberg Billionares Index မှာ ဖော်ပြထားပါတယ်။
အသက် ၅၃ နှစ် အရွယ် Amazon.com အွန်လိုင်းဝန်ဆောင်မှုကို ထူထောင်သူ Jeff Bezos ရဲ့ အသားတင် ပိုင်ဆိုင် ကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၇၅ ဒသမ ၆ ဘီလီယံ ရှိပြီး၊ တတိယနေရာမှာ ရှိနေတဲ့ Berkshire Hathaway Inc. ကို ထူထော်သူ Warren Buffett ထက် အမေရိကန် ဒေါ်လာ သန်း ၇၀၀၊ စတုတ္ထနေရာမှာ ရှိတဲ့ Inditex S.A. ကို ထူထောင်သူ Inditex S.A. ထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ပိုပါတယ်။
ဖေ့စ်ဘုတ် ထူထောင်သူ Mark Zuckerberg က အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၂ ဘီလီယံနဲ့ ပဉ္စမနေရာမှာ ရှိနေပြီး၊ Bill Gates ကတော့ ၈၆ ဒသမ ၃ ဘီယံနဲ့ ကမ္ဘာ့ အချမ်းသာဆုံး နေရာမှာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
၁၉၆၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်၊ အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် Jeffrey Preston Jorgensen မှာ မွေးဖွားခဲ့တဲ့ Jeff Bezos ဟာ အင်ဂျင်နီယာ တဦးဖြစ်ပြီး amazon.com အွန်လိုင်း ဝန်ဆောင်မှုနှင့် အွန်လိုင်း စာအုပ်စာတမ်း ဝန်ဆောင်ရောင်းချပေးတဲ့ လုပ်ငန်းကို ၁၉၉၄ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ စတင်ထူထောင်ခဲ့တာပါ။
Jeff Bezos ဟာ ၂၀၀၀ ပြည့်နှစ်မှာ လေယာဉ်တည်ဆောက် ထုတ်လုပ်ရေးနဲ့ ဒုံးပျံအင်ဂျင်စမ်းသပ် ဝန်ဆောင်မှု Blue Origin ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ The Washington Post သတင်းစာကို ဝယ်ယူခဲ့ပါတယ်။
ညွှန်း- www.boomberg.com