သတင်းတို

စိန့်ပီတာစဘတ် မြေအောက်ရထားပေါက်ကွဲမှု ၁၁ဦးသေဆုံး

ရုရှားနိုင်ငံ စိန့် ပီတာစဘတ်မြို့က မြေအောက်ဘူတာရုံက ရထားတစင်းမှာ ပေါက်ကွဲမှုဖြစ်ပွားရာ ခရီးသည် ၁၁ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ တက္ကလိုဂျစ်စကီး အင်စတီကျု့နဲ ပဆန်နာရာ ပလိုချတ် အကြားမှာရှိတဲ့ စိန့်ပီတာစဘတ် မြေအောက်ဘူတာရုံမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ မြေအောက်ရထားသွားလာမှုကို ချက်ခြင်းရပ်ဆိုင်းကာ ရှာဖွေ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီ၏ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာမှာ မသင်္ကာဖွယ် လူ ၂ဦးကို တွေ့ရှိ ကြောင်း၊ ဒါအပြင် တခြားနေရာမှာ လည်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တွေ့ရှိတဲ့အတွက် အကြမ်းဖက် သမားတွေရဲ့ လက်ချက်လို့ ဆိုလိုက် ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ချက်ခြင်း တယ်လီဖုန်း ဆက်သွယ်မှုပြုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီကလည်း အပြင်းအထန်ရှုံချလိုက်ပြီး၊ ပြည်သူများကို တိုက်ခိုက်မှု့အတွက် တုန်လှုပ်ရကြောင်းဆိုပါတယ်။

Loading