မြန်မာနိုင်ငံဆိုင်ရာ ဥပရောပသမဂ္ဂကိုယ်စားလှယ်ရုံးမှ ပထမဦးဆုံးအကြိမ် ချီးမြှင့်သည့် Schuman Award – ချူမန် ဆု ကို လူ့အခွင့်အရေး လုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည့် ညီမျှခြင်းမြန်မာ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း က ရရှိခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံဒီမိုကရေစီအကူးအပြောင်း၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတွေကို ရွေးချယ်ပြီး ပေးအပ်သည့် ဆု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia က ပြောကြားထားသည်။
ညီမျှခြင်းမြန်မာအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ပေးတဲ့ဆုမို့ ဂုဏ်ယူပါတယ်။ ထူးထူးခြားခြား Treaty of Rome နှစ် ၆၀ ပြည့်မှာပေးတာ။ ကျနော်အပါအဝင် ကချင်အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ဂျာနန်၊ ကိုယ်လေးစားရတဲ့ ဆရာဦးကိုနီ လည်း ဆုထဲမှာ ပါဝင်ပါတယ်။ မနေ့က ဆုပေးတာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်နေကျ အလုပ်တွေဆက်လုပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ်မှာ ပထမဦးဆုံးပေးအပ်ခြင်း ဖြစ်သည့် အဆိုပါဆုကို ညီမျှခြင်း မြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ ကချင်အမျိုးသမီး ဒေါ်ဂျာနန်၊ လုပ်ကြံခံခဲ့ရသည့် ရှေ့နေ ဦးကိုနီတို့ သုံးဦးကို ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၃ ရက်နေ့က ရန်ကုန်မြို့ ဥရောပသမဂ္ဂနေအိမ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။