ရခိုင်ပြည်နယ် မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားသည့် မြန်မာ- တရုတ် ပိုက်လိုင်းမှ ရေနံပို့လွှတ်မှုကို လာမည့်လတွင် စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နေပြည် တော်၏ ကြေညာချက်ကို ကိုးကာပြီး Asean Economist သတင်းက ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိ မြန်မာနှင့် တရုတ်အကြား ရေနံပိုက်လိုင်း စီမံကိန်းကို ၂နှစ် ခန့် ရပ်ဆိုင်းထားခဲ့ရမှ ပြန်လည်သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ရေနံပို့လွှတ်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား အပြီးသတ်လက်မှတ်ရေး ထိုး နိုင်ခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၏ ပြောဆိုချက်ကို ကိုးကားရေးသားထားသလို အရှေ့ တောင်အာရှ ရေနံပိုက်လိုင်း၏ သတင်းရင်းမြစ်တခုကလည်း ရေနံပို့လွှတ်ရေးအတွက် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း၊ ညွှန်ကြားချက်ကို စောင့်နေပြီး မေလအတွင်း ပို့နိုင်ရန် မျှော်လင့်ထား ကြောင်း ဆိုပါတယ်။
ရခိုင်ပြည်နယ် မဒေးကျွန်းမှနေ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်ထားသည့် ၇၇၁ ကီလို မီတာရှည်သည့် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်း ယှဉ်တွဲထားသည့် စီမံကိန်းကို မြန်မာစစ်အစိုးရ နှင့် တရုုတ်အမျိုးသား ရေနံကော်ပိုရေး(CNPC) အကြား ၂၀၀၈ ခုနှစ်က သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှ တင်သွင်းလာသည့် ရေနံများကို ထိုပိုက်လိုင်းမှတဆင့် ယူနန်ပြည်နယ် ရေနံချက် စက်ရုံသို့ တင်ပို့မည်ဖြစ်ပြီး၊ ယင်းစက်ရုံသည် တနေ့လျှင် ရေနံစည်ပေါင်း ၂၆၀၀၀၀ ချက်လုပ်နိုင်မှာဖြစ်ပါတယ်။
သို့သော် နှစ်နိုင်ငံအကြား အဓိက ပြဿနာမှာ ဆိပ်ကမ်းအခွန်နှင့် ပတ်သက်ပြီး ညှိနှိုင်းနေရခြင်း ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး နှင့် ရေနံအခွန်တို့နှင့် ပတ်သက်ပြီး ဖြေရှင်းပြီးဖြစ်တယ်လို့ သိရပါတယ်။
တရုတ်၏ မြန်မာပြည်တွင်း စီးပွားရေး စီမံကိန်းကြီးများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံံကိန်းကို ရပ်ဆိုင်းထားခဲ့ဖူးပါတယ်။