ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ မြေအောက်ဘူတာရုံ ဗုံးကွဲမှုတွင် သေဆုံးသူဦးရေမှာ ၁၄ဦးအထိ မြင့်တက်လာကြောင်း ရုရှား ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ယနေ့ နံနက် ၃နာရီခန့်က စိန့်ပီတာစဘတ်မြို့ရှိ တက္ကနိုလော့ဂျစ်စကီ အင်စတီကျူ့ဘူတာနဲ့ ဆန်ညာ ပိုလိုချဒ် ဘူတာအကြားမှာ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး၊ ပေါက်ကွဲမှုဖြစ်ပြီး ရထားသွားလာမှု ရပ်ဆိုင်း ကာ လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားရှာဖွေရာ တခြားတနေရာတွင်လည်း ဗုံးတလုံးတွေ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှား နိုင်ငံသား ကာဂျစ်လူမျိုး ၁ဦး၏ လက်ချက်ဖြစ်နိုင်ကြောင်း ကာဂျီ ကစ္စတန် အမျိုးသားလုံခြုံရေး ကော်မီတီ၏ ပြောခွင့်ရ ရာဟက် ဆူလိုင်မန်နောဗ့်က ဆိုပါတယ်။
ထိုပြောဆိုမှုနှင့် ပတ်သက်၍ ရုရှားအာဏာပိုင်တို့က အတည်ပြုခြင်းရှိသလို၊ ငြင်းဆိုခြင်းလည်း မရှိပါ ဘူး။
တာဂျစ်ကစ္စတန် အထူးတပ်ဖွဲ့တွေအနေနဲ့ ရုရှာနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေ တယ်လို့လည်း ရာဟက် ဆူလိုင်မန်နော့ဗ့်က ထပ်လောင်းပြောပါတယ်။
ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်ဟောင်းတွေကတော့ ဒီတိုက်ခိုက်မှုဟာ ကောင်းကောင်း စီမံပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။