သတင်းတို

အပြောင်းအလဲသည် နတ်ရေကန်ထဲ နှစ်သလို မဟုတ်ဟု ပြန်ကြားရေးဝန်ကြီးပြော

အစိုးရသစ် သက်တမ်း တနှစ်ပြည့်ကာလအတွင်း မည်သည့်အရာများ  ပြောင်းလဲပါသနည်းဟု မေးခွန်း ထုတ်ကြ သည့်အပေါ် ပြန်ကြားရေးဝန်ကြီးက လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း တခုခုကို နေ့စဉ်နှင့် အမျှ ပြောင်းလဲမှု စောင့် ကြည့်နေလျှင် အပြောင်းအလဲက သိသာလိမ့်မည် မဟုတ်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က “သည်လို အပြောင်းအလဲဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ။ တိုင်းပြည်တပြည်မှာ  အပြောင်းအလဲက ဒီနေ့ ပြောလိုက်ရင် နောက်နေ့ ဖြစ်လာတာမျိုး ဆိုတာမရှိဘူး။ ကျနော်တို့ မြန်မာတွေလို ပြောရိုးပြောစဉ် စကားနဲ့ ပြောမယ်ဆိုရင် နတ်ရေကန်ထဲ နှစ်လိုက်သလို ပြန်ဆယ်ထုတ်လိုက်တာနဲ့ပြောင်းလဲတယ် ဆိုတာမျိုးက မရှိပါဘူး” ဟု ပြောသည်။

အစိုးရသစ်သက်တမ်း တနှစ်ပြည့် ကာလအတွင်း နတ်ရေကန်ထဲ နှစ်လိုက်ပြီး ပြန်ဆယ်လိုက်သလို အပြောင်းအလဲမျိုး မရနိုင်ဟု ပြန်ကြားရေးဝန်ကြီးက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပထမတနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများအား ပြောကြားခဲ့သည်။

Loading