ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တရုတ်လုပ် VT – 4 ပင်မတိုက်ခိုက်ရေး တင့်ကား ၁၀ စီးကျော်ကို ထိုင်းဘတ် ၂ဘီလျံအသုံးပြုကာ ဝယ်ယူမည့်အစီအစဉ်ကို အစိုးရက ယနေ့ အတည်ပြု လိုက်ပါ တယ်။ မူလကလည်း ထိုင်းစစ်တပ် အနေဖြင့် VT- 4 အမျိုးအစား တင့်ကား ၂၈ စီး မှာယူခဲ့ပြီးဖြစ်သလို၊ နောက်ထပ် ၁၀စီးကျော် ထပ်မံ မှာယူရန် ယနေ့ပြုလုပ်တဲ့ အစိုးရ အပတ်စဉ် အစည်းအဝေးမှာ အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
ကာကွယ်ရေး ဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ယခုအခါ ထိုင်းစစ်တပ်အနေဖြင့် တရုတ်လုပ် တင့်ကား ၄၉စီး မှာယူထားပြီဖြစ်ပြီး အမေရိကန်တို့၏ M 41 တင့်ကားများနေရာမှာ အစားထိုးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်ဟာ တရုတ်လုပ် စစ်ပစ္စည်းများကို ဝယ်ယူအစားထိုးမှု ပြုလုပ်နေရာ မကြာသေးမီက လည်း တရုတ်လုပ် Yuan အမျိုးအစား ရေငုပ်သင်္ဘော ၃ စီး ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။