ပြင်းအား ၆.၁ မဂ္ဂနီကျု့ရှိ မြေငလျင်တခု အီရန်နိုင်ငံမြောက်ပိုင်း ဒုတိယ လူဦးရေအများဆုံး မြို့ဖြစ်သည့် မက်ရှ်ဟက် မြို့မှ ၈၉ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ငလျင်ဗဟိုချက်ဟာ ခိုရာဇန် ရာဇာဗီပြည်နယ် Sefid Sang မြို့မှာ ဖြစ်တယ်လို့ သိရပြီး ငလျင်ဟာ မြေအောက် အနက် ၁၃ကီလိုမီတာမှာ လှုပ်ခတ်ခြင်းဖြစ်ပါတယ်။
အဆိုပါ မက်ရှ်ဟက်မြို့ဟာ လူဦးရေ ၂.၃သန်းနေထိုင်ပြီး၊ လတ်တလောမှာတော့ အပျက်အစီး အသေ အပျောက် ဒဏ်ရာရမှု မသိရပါဘူး။
နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း လှုပ်ခတ်နေတယ်လို့ တပ်စ်မင် သတင်းဌာနက ဆိုပါတယ်။