ဆီးရီးယားအစိုးရ လေတပ်စခန်း Shayrat ကို မြေထဲပင်လယ်အတွင်းရှိ အမေရိကန် စစ်သင်္ဘော များ မှ တိုမာဟော့ခ် ခရုစ်ဒုံးပျံ အစင်း ၅၀ ခန့်ဖြင့် တိုက်ခိုက်မှု စတင်လိုက်ပါတယ်။
အဆိုပါ လေတပ်စခန်းဟာ ဟွမ်းမြို့ အနောက်ဖက်မှာ ရှိပါတယ်၊တိုက်ခိုက်မှုကြောင့် ထိခိုက်သေကျေပျက်စီးမှု မသိသေးပါ။ဆီးရီးယား အစိုးရတပ်က သူပုန် ထိန်းချုပ်ရာ ဒေသမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုများ ထွက်ပေါ်လာပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှု စတင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါဟာ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် လက်ထက်မှာ ဆီးရီးယားကို စစ်ရေးအရ စတင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီလိုတိုက်ခိုက်မှု ပြုလုပ်တာဟာ သူပုန်ထိန်းချုပ်ရာ Idlib မြို့မှာ ဆီးရီးယား အစိုးရ က ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ဖို့ အမိန့်ပေးတယ် လို့ သမ္မတ ပြောခွင့်ရ ကဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာ လူသတ်ပွဲတွေ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ရေးအတွက် ကူညီတာဖြစ်တယ်လို့ ပုံဖော်ပြောကြားခဲ့ပါတယ်။
ဆီးရီးယား ရုရှားစစ်စခန်းနဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့တွေလည်း ရှိနေပြီး၊ တိုက်ခိုက်ချိန်မှာတော့ ရုရှားကိုလည်း သတိပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။