ဆီးရီးယားဝေဟင် လေကြောင်းလုံခြုံရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရရှိထားသည့် သဘောတူညီချက်မူကြမ်းကို ရုရှားက ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ယနေ့နံနက်စောစောမှာ အမေရိကန်က ဆီးရီယားလေတပ်စခန်းကို တိုမာဟော့ခ် ဒုံးကျည် ၅၉ စင်းပစ် လွှတ်တိုက်ခိုက်ပြီး နောက် ရုရှားနှင့် အမေရိကန်အကြား တင်းမာမှုများ စတင်လာခဲ့ခြင်းဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တယ်၊ ရန်လိုတဲ့ လုပ်ရပ်လို့ ယူဆကြောင်း သမ္မတပူတင်ကပြောပါတယ်။
ဒါပြင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့ ပြောဆိုလိုက်သလို၊ အမေရိကန်နဲ့ လုပ်ကိုင်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ရပ်ဆိုင်းကောင်းရပ်ဆိုင်းမယ်လို့ ဆိုလိုက်ပါတယ်။
တူရကီသမ္မတ အာဒိုဂန်က ဆီးရီးယားဝေဟင်ပိုင်နက်ကို လေယာဉ်မပျံသန်းရဇုန် အဖြစ်သတ်မှတ်ပေး ဖို့ အပူတပြင်းတောင်းဆိုလိုက်ပါတယ်။
အမေရိကန်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အီရန်နိုင်ငံက အပြင်းအထန်ရှုံချလိုက်သလို၊ တရုတ်နိုင်ငံက ဆီးရီးယားမှာ အဖွဲ့ပေါင်းစုံက တိုက်ခိုက်နေတာကို နိုင်ငံရေးအဖြေရှာဖို့ ပြောဆိုလိုက်ပါတယ်။
အလားတူ အီတလီကလည်း အမေရိကန်ရဲ့ တုံ့ပြန်မှုဟာ ကျိုးကြောင်းဆီလျော်ကြောင်းဆိုလိုက်ပြီး၊ ဗြိတိန်နဲ့ ဆော်ဒီအာရေဗီယားကလည်း ထောက်ခံလိုက်ပါတယ်။