ခရုစ် ဒုံးကျည်များတပ်ဆင်ထားသည့် ရုရှား ဖရီဂိတ်စစ်သင်္ဘော အက်ဒမိုင်ရယ် ဂရီဂိုရို ဗစ်ချ် ဟာ တာဝန်ထမ်းဆောင်ဖို့ မြေထဲပင်လယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားသတင်းတွေမှာ ဖော်ပြပါ တယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပင်လက်နက်မှ ဖရီဂိတ်စစ်သင်္ဘော အက်ဒမိုင်ရယ် ဂရီဂိုရို ဗစ်ချ်ဟာ မြေထဲပင်လယ်သို့ ယနေ့ ဝင်ရောက်ပူးပေါင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဖရီဂိတ်စစ်သင်္ဘော အက်ဒမိုင်ရယ် ဂရီဂိုရို ဗစ်ချ်ဟာ ကနဦးပိုင်းက ရုရှား – တူရကီပူးတွဲ စစ်ရေးလေ့ ကျင့်မှု PASSEX မှာ ပါဝင်နေခဲ့ပြီး၊ မြေထဲပင်လယ်မှာရှိတဲ့ အမေရိကန် စစ်သင်္ဘောတွေပေါ် ကနေ ဆီးရီးယားလေတပ်စခန်းကို တိုမာဟော့ခ် ဒုံးပျံ ၅၉ စင်းဖြင့် တိုက်ခိုက်ပြီးတဲ့နောက်မှာ ခရုဇ် ဒုံးပျံတင် ရုရှားစစ်သင်္ဘော မြေထဲပင် လယ်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ဖရီဂိတ်စစ်သင်္ဘော အက်ဒမိုင်ရယ် ဂရီဂိုရို ဗစ်ချ်ဟာ ရုရှားရေတပ်ရဲ့ နောက်ဆုံးပေါ် စစ်သင်္ဘောဖြစ် ပြီး၊ Kalibr-NK အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်များ၊ Shtil -1 ဒုံးပျံကာကွယ်ရေး စနစ်၊ ၁၀၀ မီလီ မီတာ စက်အမြောက်၊ လေကြောင်းရန်ကာကွယ်ရေး ဒုံပျံများနဲ့ တော်ပီဒိုများ တပ်ဆင်ထားသလို၊ Ka-27 သို့မဟုတ် Ka-31 ရဟတ်ယာဉ်ကိုလည်း တင်ဆောင်ထားသလို၊ အမြန်နှုန်းနဲ့ လည်း မောင်းနှင်နိုင် တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ လေယာဉ်တင်သင်္ဘော အက်ဒမိုင်ရယ် ကုဇနက်ဇော့ဗ် နဲ့ တွဲဖက်ကာ ဆီးရီးယားမှာရှိတဲ့ IS နဲ့ အယ်နူဆာ တပ်ဦးတို့ကို တိုက်ခိုက်ခဲ့ပါတယ်။
သမ္မတအာဆတ်အစိုးရက ဆီးရီးယားသူပုန်တို့ ထိန်းချုပ်ရာဒေသကို ဓာတုလက်နက်နဲ့ တိုက်ခိုက်တဲ့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားလေတပ်စခန်းကို ဒုံးပျံနဲ့ တိုက်ခိုက်ဖို့ အမိန့် ပေးပြီးနောက် အမေရိကန်နဲ့ ရုရှားကြားမှာ ဆက်ဆံရေး ဆိုးရွားတဲ့အခြေအနေဖြစ်နေပါတယ်။
ဒီတိုက်ခိုက်မှုကို ရန်လိုမှုတခုလို့ ရုရှားသမ္မတ ပူတင်က ယူဆပြီး၊ ဆီးရီးယား ဝေဟင်ပိုင်နက် လေကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်- ရုရှားသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ပါတယ်။
ဆီးရီးယားမှာ ရုရှားက ချထားတဲ့ S-400 နဲ့ S-300 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးပျံကာကွယ်ရေးစနစ်တွေကို အသင့်အနေအထား ပြုလုပ်ထားပါတယ်။
မနေ့ကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တဲလားဆွန်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့တို့ ဖုန်းအဆက်အသွယ်ပြုလုပ်ကာ ဆွေးနွေးကြောင်းသိရပါတယ်။