သတင်းတို
အီဂျစ် ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ၂၁ဦးသေဆုံး
အီဂျစ်နိုုင်ငံ မြို့တော် ကိုင်ရို မြောက်ပိုင်း တန်တာမြို့က စိန့်ဂျော့ချ် ခရစ်ယာန်ဘုရားရှိခိုး ကျောင်း အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၂၁ ဦးသေဆုံးပြီး၊ လူ ၄၂ဦး ဒဏ်ရာရသွားပါတယ်။
ဒီကနေ့ဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားဝတ်ပြုတဲ့ တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် လူစည်ကားနေ တယ်လို့ သိရပါတယ်။
ခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် တန်တာမြို့က ရဲလေ့ကျင့်ရေးကျောင်းမှာ ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသေအပျောက်တော့ မသိရသေးဘူးပါဘူး။
အီဂျစ်နိုင်ငံမှာ ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင်တွေဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေ ပြီး၊ လွန်ခဲ့နှစ် ဒီဇင်ဘာ ၁၁ရက်နေ့ကလည်း ခရစ်ယာန်ဘုရားကျောင်းအတွင်း လက်ပစ်ဗုံးနဲ့ ပစ်သွင်း တိုက်ခိုက်ခံခဲ့ရပါတယ်။