အီဂျစ်နိုင်ငံမှာ လူပေါင်း ၄၄ဦး သေဆုံး ကာ လူပေါင်း ၁၁၈ ဦး ဒဏ်ရခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်း ၂ကျောင်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်မှာ အစိုးရက အရေးပေါ်အခြေအနေ ၃လ ကြေညာလိုက်ပါ တယ်။
မနေ့က မြို့တော်ကိုင်ရိုအနီးက တန်တာမြို့က စိန့်ဂျော့ချ် ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ၂၇ ဦးသေဆုံးကာ ၇၈ ဦး ဒဏ်ရာရရှိခဲ့သလို၊ အလက်ဇန္ဒြီးယားမြို့က စိန့်မတ် ကာသီဒြယ် ဘုရားကျောင်းမှာ ထပ်မံ ပေါက်ကွဲမှုဖြစ်ပွားရာ ၁၇ဦးသေဆုံးကာ လူ ၄၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။
မနေ့က ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘာသာရေးအထွဋ် အမြတ်နေ့ဖြစ်တဲ့ Palm Sunday ကျင်းပနေချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲက သူတို့လက်ချက်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အီဂျစ်သမ္မတ စီစီက အရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံတဝှမ်းလုံခြုံရေးတပ်ဖွဲ့တွေကို ဖြန့်ချထားခဲ့သ လို၊ ကိုင်ရိုမြို့ ဗလီတွေနဲ့ ဘုရားကျောင်းတွေကိုလည်း သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ တပ်ဆင်ထား တဲ့ ယာဉ်တန်းတွေနဲ့ လှည့်လည်ကာ စောင့်ရှောက်စေခဲ့ပါတယ်။
ယခုဧပြီလ နောက်ဆုံးအပတ်မှာ ပုပ်ရဟန်းမင်းကြီး အီဂျစ်နိုင်ငံကို လာရောက်မလည်ပတ်မှီ ဒီတိုက်ခိုက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်။