သတင်းတို

ရွှေဂုံတိုင်တံတားပေါ်မှ အမျိုးသားတဦးခုန်ချ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်မှ ဓမ္မစေတီလမ်းဘက်ခြမ်းသို့ အမျိုးသားတဦး ခုန်ချမှု ယနေ့ မနက် ၂ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောသည်။

တံတားပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားမှာ လက်နှစ်ဖက်နှင့် ခြေထောက်များကျိုးသွားပြီး ဦးခေါင်းတွင်လည်း ဒဏ်ရာရရှိထားသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ပြုလုပ်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် တံတားပေါ်မှ ခုန်ချခဲ့သည့်အမျိုးသားသည် မည်သူမည်ဝါမှန်း မသိရှိရသေးဘဲ အခင်းဖြစ်ပွားစဉ် အရက်သောက်ထားကြောင်း သိရသည်။

Loading