သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးမှသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ် ရေးနှင့် ရင်းနှီးမြုပ်နှံမှု မြှင်တင်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတို့တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ၏ ပညာရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် တရုတ်က ဆက်လက်ကူညီရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနှင့် တရုတ်အကြား ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား တရားမဝင် တူးဖော်ခြင်း၊ မှောင်ခိုတင်သွင်းရောင်း ချခြင်း ကိစ္စရပ် များကို ကာကွယ်ဟန့် တားနိုင်ရေး၊ ရေနံစိမ်း သယ်ယူပို့ဆောင် ရေး၊ စီးပွားရေးနှင့်အတတ်ပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီ ချက်၊ ၂နိုင်ငံ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနများအကြား Seafarers Training, Education and Development ပူးပေါင်းဆောင်ရွက်ရေး၊ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရေး စသည့် နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုးသည်။
ထို့ပြင် Exchange of Letters on Implementation of Deep Sea Port Project and Industry Park Project in Kyauk Phyu SEZ in Myanmar ၊ Exchange of Letters on Medical Technic Training Centre Project ၊ Exchange of Letter on Myanmar Centre for Disease Control Project နှင့် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့အကြား ၂၉ ကြိမ် မြောက် အရှေ့တောင် အာရှ အား ကစားပြိုင်ပွဲအတွက် နည်းပညာပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စာလွှာများကို အပြန်အလှန်လဲ လှယ်ကြသည်။
သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ဧပြီလ ၆ ရက်နေ့မှ ၁၁ရက်နေ့အထိ တရုတ်နိုင်ငံ ကို သွားရောက်နေပြီး၊ သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်းခ၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်းတို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင်လည်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၊ မဟာဗျူဟာ ကျသော ဆက်သွယ်မှုများကို မြှင့်တင်ရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများ နက်ရှိုင်းစွာ ဖလှယ်သွားရန်၊ တရုတ်နိုင်ငံက အဆိုပြုထားသည့် ”ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” အစီအစဉ်ကို လည်းကောင်း၊ ၂ဝ၁၇ခုနှစ်၊ မေလတွင် ”ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု အစီအစဉ်အတွက် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး ပွဲ”ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင် ရေးကိစ္စကိုလည်းကောင်း မြန်မာက ထောက်ခံအားပေးကြောင်း၊ နှစ်နိုင်ငံအကြား လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသများတည်ငြိမ် အေးချမ်းရေး၊ ယင်းဒေသရှိ ပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေးတို့ကို ထိရောက်စွာ အတူတကွဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ ယန္တရားကို ဆက်လက်၍ ထိရောက် စွာအသုံးပြုသွားကြရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေး ပွဲများမှတစ်ဆင့် အကောင်အထည်ဖော်မှုကို တရုတ်က အားပေးကြောင်းလည်း ပါရှိသည်။
Topic – တရုတ်- မြန်မာဆက်ဆံရေး