အမေရိကန်၏ တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စု ကိုရီးယားကျွန်းဆွယ်ဒေသတွင် ဖြန့်ချခြင်းနှင့် ပတ် သက်ပြီး မြောက်ကိုရီးယားက လက်တုံ့ပြန်ရန် သံဓိဋ္ဌာန်ချထားကြောင်း၊ ကြီးမားလှတဲ့ အကျိုးဆက် ဖြစ်ပေါ်လာပါက ဝါရှင်တန်မှာ တာဝန်အပြည့်အဝရှိမှာဖြစ်တယ်လို ပြောလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန်အနေဖြင့် ကိုရီးယား ကျွန်းဆွယ်ကို လေယာဉ် တင်သင်္ဘော စေလွှတ်ရန်ဆုံးဖြတ်ခြင်းက ဝါရှင်တန်၏ ရန်လိုတဲ့အပြုအမူကို ပြသတာဖြစ်ပြီး၊ ပြုံယမ်း တန်ပြန်ဖို့ အသင့်ဖြစ်ကြောင်း ယနေ့ဆိုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ရက်နေ့က မြေက်ကိုရီးယားဟာ ဒုံးပျံတစင်းကို တောင်ပိုင်း ဆင်ဖိုမြို့ကနေ ဂျပန်ပင် လယ်ထဲကို ပစ်လွှတ်လိုက်ပါတယ်။
အဲဒီနောက် ဧပြီ ၈ ရက်နေ့မှာတော့ လေယာဉ်တင်သင်္ဘောတစီးပါဝင်တဲ့ အုပ်စုကို ကိုရီးယားကျွန်း ဆွယ်ကို စေလွှတ်လိုက်တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် အစပိုင်းကတည်းက မြောက်ကိုရီးယားဟာ ဒုံးပျံစမ်းသပ်ပစ်လွှတ်ခြင်းနဲ့ နျူကလီးယား စမ်းသပ်ခြင်းများပြုလုပ်လာရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။