တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Mike Pence က မြောက်ကိုရီးယား အပေါ်ထားတဲ့ မဟာဗျူမြောက် သည်းခံနိုင်မှု(Strategic Patience) ကုန်ဆုံးသွားပြီလို့ အတိအလင်းသတိပေးလိုက်ပါတယ်။
တောင်ကိုရီးယား နဲ့ အာရှပစ္စဖိတ်ဒေသတွင်း လုံခြုံရေး ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် အမေရိကန်အနေနဲ့ ဆက်လက်ရှိနေမှာပြီး၊ မြောက်ကိုရီးယား နျူကလီးယား ဒုံးလက်နက်တွေ တည်ဆောက်နေမှု၊ တာဝေးပစ်ဒုံးပျံ တွေ စမ်းသပ်ပစ်လွှတ်နေတာတွေကို ရပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။
တဆက်တည်း တောင်ကိုရီးယား သမ္မတနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို ဖိအားပေးဖို့၊ စီးပွားရေးအရ ပိတ်ဆို့ဖို့ ပြောကြားလိုက်ပြီး၊ တရုတ်အနေနဲ့ ဖိအားပေးတာ တွေကို လုပ်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
မကြာခင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖလော်ရီဒါမှာ တွေ့ဆုံခဲ့တဲ့ ထိပ်သီး အစည်းအဝေးမှာ မြောက်ကိုရီးယား အရေးလည်း ဆွေးနွေးခဲ့ပါသေးတယ်။
တောင်ကိုရီးယားရဲ DMZ လို့ခေါ်တဲ့ စစ်မဲ့ဇုန်ကိုလည်း သွားရောက် ကြည့်ရှု့ခဲ့တဲ့ အမေရိကန် ဒုသမ္မတ Mike Pence က မြောက်ကိုရီးယား အရေးကို ပြောဆိုရာမှာ ဒီအရေးကို အဖြေရှာဖို့ နည်းလမ်းအားလုံးကို စားပွဲမှာ တင် စဉ်းစားမှာဖြစ်ကြောင်း ၊ အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ နောက်မဆုတ်ပဲ ရင်ဆိုင်သွားမှာဖြစ်တယ် လို့လည်း ပြောပါတယ်။
တရုတ်ဟာ မြောက်ကိုရီးယား မဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယားက တရုတ်ကို တင်ပို့နေတဲ့ ကျောက်မီးသွေး ဟာ ၈၀ ရာခိုင်နှုန်းကျော်ရှိကာ အမေရိကန်ဒေါ်လာ ၂ဘီလျံကျော် နှစ်စဉ် ဝင်ငွေရရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က စပြီး တရုတ်က မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေးတင်ပို့မှုကို စတင်ပိတ်ဆို့ခဲ့ပါတယ်။
အမေရိကန် ဒုသမ္မတ Mike Pence က ကျနော်တို့အနေနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကို မဆိုပြန်လည် တုံ့ပြန်သွား မှာဖြစ်ပြီး၊ တုံ့ပြန်ဖို့လည်း အသင့်ပါပဲလို့ ပြောဆိုခဲ့ပါတယ်။
Air Force 2(AF2) နဲ့ ခရီးသွားတဲ့ အမေရိကန် ဒုသမ္မတရဲ့ အာရှခရီးစဉ်မှာ မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးပျံကို စမ်းသပ်စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဒုံးပျံဟာ လေထဲမှာ စက္ကန့်အနည်းငယ်အတွင်း ပေါက်ကွဲပျက်စီးခဲ့ပါ တယ်။ အဲဒီအချိန်မှာ AF 2 က ကောင်းကင် အမြင့့်ပေ ၃သောင်းမှာ ပျံသန်းနေပြီး၊ တောင်ကိုရီးယား မြို့တော်ကို ဦးတည်နေချိန်ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ ဆီးရီယားနဲ့ အာဖဂန်နစ္စတန်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို၊ မြောက်ကိုရီးယား အရေးကိုလည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ ပေါ်လစီချမှတ်ထားတယ်လို့ သတင်းတွေက ရေးသား ဖော်ပြနေချိန်လည်း ဖြစ်ပါတယ်။
အမေရိကန် ဒုုသမ္မတ Mike Pence က သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယား အပေါ်ထားတဲ့ မဟာဗျူဟာကျကျ သည်းခံနိုင်မှု (Strategic Patience) ဟာ ကုန်ဆုံးသွား ပြီဖြစ်တယ်လို့ ခတ်ပြတ်ပြတ်ပြော ဆိုလိုက်တာဖြစ်ပါတယ်။