အသက် ၉၂ နှစ်အရွယ်ရှိ သမ္မတဟောင်းဂျော့ချ် အိတ်ချ် ဒဗယူ ဘုရှ်ကို နမိုးနီးယား အအေးမိရောဂါအတွက် သောကြာနေ့က ဟူစတန်ဆေးရုံသို့ ပြန်လည်တင်ပြီး ကုသမှု ခံယူရကြောင်း သိရသည်။
သူ၏ပြောခွင့်ရသူ ဂျင်မက်ဂရာ့သ် Jim McGrath ၏ အင်္ဂါနေ့က ထုတ်ပြန်သောကြေညာချက်အရ ဘုရှ် (အကြီး) မှာ ချောင်းဆိုးပြီး အိပ်မရသောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသရပြီး ချောင်းဆိုးခြင်းမှာ နမိုးနီးယားရောဂါကြောင့်ဖြစ်ကြောင်း သိရသည်။
ဘုရှ်သည် IV antibiotics ကုသမှု ခံယူနေရပြီး ဆေးရုံတွင် ရက်အနည်းငယ်ထားရှိစောင့်ကြည်ခံရမည်ဟုလည်း သိရသည်။ ဘုရှ်မိသားစုသည် အီစတာပွဲတော် ရက်သတ္တပတ်ကုန်တွင် မည်သူ့ကိုမျှ စိတ်မပူပန်စေလိုသောကြောင့် ဆေးရုံတက်ခြင်းကို ယခင်က မကြေညာဘဲထားသည်ဟုလည်း သတင်းဌာနက ဆိုသည်။
ဘုရှ်သည် လွန်ခဲ့သော ဇန်နဝါရီ်လက နမိုးနီးယားကြောင့်ဖြစ်သည့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းပြဿနာကြောင့် ဟူစတန် မက်သဒစ် ဆေးရုံသို့ နောက်ဆုံး တက်ရောက်ခဲ့ပြီး ဇန်နဝါရီ်လ ၃၀ ရက်နေ့က ဆေးရုံမှပြန်ဆင်းခဲ့သည်။
ဘုရှ်သည် ၁၉၈၉ မှ ၁၉၉၃ ထိ အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတဖြစ်ခဲ့ပြီး ၁၉၈၁ မှ ၁၉၈၉ ထိ သမ္မတရော်နယ်ရီဂင်၏ အောက်တွင် ဒုသမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ သားအကြီး ဂျော့ဘုရှ် (အငယ်)မှာလည်း ၂၀၀၁ မှ ၂၀၀၉ ထိ သမ္မတဖြစ်ခဲ့သည်။
သမ္မတ ကတော်ဟောင်း ဘာဘရာ ဘုရ်ု သည်လည်း အဆုတ်လေပြွန်ရောင်သောကြောင့် ဇန်နဝါရီလ ကဆေးရုံတင်ရပြီး ထိုလတွင်ပင် ဆေးရုံမှဆင်းခဲ့ကြောင်း သိရသည်။