အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိထားသည့် နျူကလီးယား ဆိုင်ရာ သဘောတူညီ ချက်ကို ပြန်လည်သုံးသပ်ဖို့ အမျိုးသားလုံခြုံရေး ကောင်စီကို ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ ရရှိထားတဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက်အတိုင်း လိုက်နာနေ ပေမယ့်၊ အကြမ်းဖက်ဝါဒကို အားပေးတဲ့နေရာမှာ နည်းလမ်းမျိုးစုံနဲ့ ဦးဆောင်နေကြောင်း၊ ထို့အတွက် နျူကလီးယား ဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အမျိုးသား လုံခြုံရေး ကောင်စီကို ညွှန်ကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တဲလားဆွန်းက ကွန်ဂရက် အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ်ရန်းထံ ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ် ဇူလိုင်လမှာ သမ္မတ အိုဘားမားလက်ထက်မှာ အီရန်နဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ နိုင်ငံများ ဟာ အီရန်ရဲ့ နျူကလီးအစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ဆီးရီးယား အစိုးရလေတပ်စခန်းကို တိုမာဟော့ခ် ဒုံးကျည် ၅၉စင်းနဲ့ ပစ်ခတ်ခဲ့သလို၊ အာဖဂန်နစ္စတန်မှာလည်း ဗုံးတကာတို့၏ မိခင်လို့ ဆိုရမယ့် အကြီးဆုံး ဗုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
အလားတူ မြောက်ကိုရီးယားနိုင်ငံနဲ့လည်း တင်းမာမှုများဖြစ်ပေါ်လျှက်ရှိပါတယ်။