သတင်းတို

ဗီယက်နမ်ဝန်ကြီးချုပ် လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်ဖိတ်ခေါ်

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan ကို အမေရိကန်သို့လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ် ထရမ့် က ဖိတ်ကြား လိုက်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိတ်ကြားစာကို လက်ရှိ အမေရိကန်မှာ ရောက်နေတဲ့ ဗီယက်နမ် ဒုဝန်ကြီး ချုပ် Pham Binh Minh ကို ပေးအပ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ကိုယ်တိုင်လည်း အမေရိကန်သို့ သွားရောက်လည်ပတ်ဖို့ အဆင့်သင့်ဖြစ်နေ ကြောင်း ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါသေးတယ်။

အမေရိကန်- ဗီယက်နမ် ဆက်ဆံရေးအသစ်ကို သမ္မတဟောင်း အိုဘားမားလက်ထက်မှာ စတင်ခဲ့တာ ဖြစ်ပေမယ့်၊ လက်ရှိအခြေအနေမှာတော့ တရုတ်နိုင်ငံကြောင့် အမေရိကန်အတွက် ဆက်လက်ထိန်း သိမ်း ထားရမှာ ဖြစ်ပြီး၊ သမ္မတဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက နှစ်နိုင်ငံ အစိုးရ တွေဟာ သူတို့ရဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယခုနှစ် နိုဝင်ဘာမှာ ပြုလုပ်တဲ့ အာရှ – ပစ္စဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

လာမည့် မေလ ၄ရက်နေ့မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တဲလားဆွန်းနဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အမေရိကန်မှာ တွေ့ဆုံကာ မဟာဗျူဟာမြောက် မိတ်ဆွေအဖြစ် ဆက်လက် တည်ရှိနေတာကို ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

Loading