တောင်တရုတ်ပင်လယ်တွင် ပျံသန်းနေသည့် ဖိလစ်ပိုင် စစ်ဘက် အကြီးအကဲများ လိုက်ပါလာသည့် လေယာဉ် ၂စီး တရုတ်တို့က အဝေးသို့ မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြောင်း AP သတင်းမှာ ဖော်ပြပါ တယ်။
အဆိုပါ အဖြစ်အပျက်မှာ တရုတ်တို့၏ လူလုပ်ကျွန်းများအနီး ၁၅မိုင်အကွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လေယာဉ်ပေါ် တွင် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လောရင်ဇို၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Eduardo Ano အပါအဝင် သတင်းစာဆရာ ၄၀ခန့်လိုက်ပါခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
တရုတ်တို့ကတော့ ဖိလစ်ပိုင်လေယာဉ်တွေဟာ တရုတ်လူလုပ်ကျွန်းနားကို ချဉ်းနင်းဝင်ရောက်ခဲ့ ကြောင်း၊ ဖိလစ်ပိုင်တို့အနေနဲ့ ရှောင်ကြဉ်ပြီး ပြန်လှည့်သင့်တယ်လို့ ဆိုပေမယ့် ဖိလစ်ပိုင်တို့ကတော့ သူတို့ရဲ့ ပိုင်နက်မှာ ပျံသန်းနေတာဖြစ်တယ်လို့ ရှင်းလင်းပါတယ်။
တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားဖွယ်ဖြစ်နေတဲ့ စပတ်တလီကျွန်းစုများ ပတ်သက် ပြီး တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်တို့က ပိုင်ဆိုင်ကြောင်း ကြေညာထားသလို၊ ဖိလစ်ပိုင်ကလည်း စပတ်တလီကျွန်းစုများထဲက ဒုတိယအကြီးဆုံးကျွန်းကို သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုကာ အမေရိကန် ဒေါ်လာ ၃၂ သန်းအကုန်အကျခံပြီး၊ စစ်တန်းလျားတွေ၊ ငါးဖမ်းသင်္ဘောတွေ ကပ်နိုင်မယ့် ဆိပ်ကမ်း၊ ဆိုလာ စွမ်းအင်သုံး စက်ရုံ၊ ရေချိုစက်ရုံ တည်ဆောက်ဖို့တွေ လုပ်ကိုင်ဖို့ ရှိနေပါတယ်။