ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ Pacific Money Changer ငွေလဲဌာနမှ အမေရိကန်ဒေါ် ၉သောင်းလိမ်လည်သွားသည့် ဂျော်ဂျီယာ နိုင်ငံသား ၂ဦးကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ ကြောင်း AFP သတင်းကဆိုပါတယ်။
၎င်းတို့ ၂ဦးဟာ အသက် ၆၄နှစ်အရွယ်ရှိ Janjgava Revas နဲ့ အသက် ၅၁ နှစ်အရွယ် Narmania Malkhaz တို့ဖြစ်ပြီး အတွင်းခံဘောင်းဘီ အတွင်းဝှက်ကာ သယ်ယူလာသည့် ဒေါ်လာ ၉သောင်းနှင့် အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ညနေ ၄နာရီအချိန်ခန့်က Pacific Money Changer မှ ဦးဇော်ဝင်း ထံသို့ အသက် ၅၀ အရွယ်ခန့်ရှိ နိုင်ငံခြားသား ၂ဦး ရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၉သောင်း ဝယ်ယူ လိုကြောင်း၊ အမေရိကန် ၁ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၃၅၀ နှုန်းဖြင့် အရောင်းအဝယ်ပြု လုပ်စဉ် ယင်း နိုင်ငံခြားသား ၂ဦးက လိမ်လည်ယူဆောင်သွားခြင်းဖြစ်ပါတယ်။