အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ကို နှစ်မြုပ်ပစ်ရန် အသင့်ရှိကြောင်း မြောက်ကိုရီးယားက မနေ့က ကြုံးဝါးလိုက်ပါတယ်။ ဂျပန်ဖျက်သင်္ဘော ၂စီးနဲ့ လေယာဉ်တင်သင်္ဘော Carl Vinson တို့ စစ်ရေးလေ့ကျင့်နေစဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
မြောက်ကိုရီးယားတို့ရဲ့ နျူလက်နက်စမ်းသပ်မှု၊ ဒုံးလက်နက်ပစ်လွှတ်မှု၊ မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်မှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က လေယာဉ်တင်သင်္ဘော Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းရေပြင်ကို သွားရောက်ဖို့ စေလွှတ်လိုက်ခြင်းဖြစ်ပါတယ်။
ဂျပန်စစ်သင်္ဘောတွေဟာ အမေရိကန်နဲ့ သွေးစည်းညီညွတ်ရေးပြသတဲ့အနေနဲ့ လေယာဉ်တင်သင်္ဘော အုပ်စုနဲ့ ပူးပေါင်းလေ့ကျင့်မှုကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားကတော့ ဆက်လက် ရန်လိုနေဆဲဖြစ်ပြီး သူတို့ရဲ့ တော်လှန်ရေးတပ်တွေဟာ အမေရိကန် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို နှစ်မြုပ်ပစ်ရန်အသင့်ပဲလို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ အာဘော်သတင်းစာ Rodong Sinmun က ရေးပါတယ်။