သတင်းတို

ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကိုးတန်းကျောင်းသား သုံးဦး ပျောက်ဆုံးနေ

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စု တမာကုန်းကျေးရွာ ကျောက်တင်ဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ယနေ့နံနက် ၉ နာရီခန့်က ရေဆင်းကူးသည့် နဝမတန်းကျောင်းသား ၃ ဦး ပျောက်ဆုံးနေပြီး နေ့လည် ၂ နာရီအချိန်အထိ ကယ်ဆယ်ရှာဖွေရေးများနှင့် ရှာဖွေနေသော်လည်း မတွေ့ရှိသေးကြောင်း သိရသည်။

ပျောက်ဆုံးနေသူများမှာ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသားများဖြစ်သော မောင်ပိုင်မင်းသန့်၊ မောင်ခန့်မှူးပိုင် နှင့် မောင်မျိုးမောင်မောင်တို့ ဖြစ်ကြပြီး အမှတ် ၁၆ အကြီးစားစက်ရုံ ဆင်တဲ (ကစစ) မှ ဝန်ထမ်း သားသမီးများဖြစ်ပြီး အဋ္ဌမတန်း အောင်မြင်၍ နဝမတန်းတက်ရန် ယနေ့နံနက်ပိုင်းက ကျူရှင်သွားရာမှ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ ယခုလို ပျောက်ဆုံးနေကြောင်း ကစစ ၁၆ ဝန်ထမ်းတဦးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading