မြောက်ကိုရီးယား တပ်မတော်တည်ထောင်ခြင်း ၈၅နှစ်မြောက်အဖြစ် တာဝေးပစ်အမြောက်ကြီးများ ပစ်ခတ်ကာ စစ်ရေးလေ့ကျင့်မှုကြီးကို နိုင်ငံအရှေ့ကမ်းရိုးတန်း ဝူဆန်ဒေသမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
၈၅နှစ်မြောက် တပ်မတော်နေ့မှာ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲလိမ့်မယ်လို့ အများ ကထင်ထားပေမယ့်၊ မပြုလုပ်ခဲ့ပဲ တောင်ကိုရီးယား နယ်စပ်အနီးမှာ သံချပ်ကာ ယန္တရားတပ်တွေနဲ့ တာဝေးပစ် အမြောက်ကိုကြီးများကို သုံးကာ ကျည်အစစ်တွေနဲ့ ပစ်ခတ် လေ့ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။
တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်အဆိုရ မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမှာ အမြောက်ကြီးများ ၃၀၀နှင့် ၄၀၀ အကြားပါဝင်ပြီး တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အနီးကပ်စောင့်ကြည့်နေကြောင်းဆို
မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်မှာပဲ တောင်ကိုရီးယား နိုင်ငံ ဘူဆန်ဆိပ်ကမ်းကို အမေရိ ကန် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော မစ်ချီဂန်ဟာလည်း ဆိုက်ရောက်လာခဲ့ပြီး၊ လေယာဉ်တင် သင်္ဘော USS Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘော အုပ်စုနဲ့ ပူးပေါင်းဖို့ လုပ်ဆောင်နေပါတယ်။
အမေရိကန်လေယာဉ်သင်္ဘော ကားလ်ဗင်ဆင် ဦးဆောင်တဲ့ ရေတပ်အုပ်စုဟာ ပင်လယ်ဝါဒေသမှ စစ်ရေးလေ့ ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပြီး၊ အမေရိကန်ကတော့ ဒါဟာ ပုံမှန်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုလို့ ဆိုပေမယ့် မြောက်ကိုရီးယားကတော့ ဗြောင်ကျကျ စစ်ရေးခြိမ်းခြောက်တခုလို့ ယူဆပြီး၊ အရမ်းကာရော ရန်စမှုတွေ လုပ် လာမယ်ဆိုရင် တိုက်ခိုက်မှုလုပ်မယ်လို့ ဆိုလိုက်ပါတယ်။
ဒါအပြင် မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်မှာပဲ တောင်ကိုရီးယား နိုင်ငံမှာ ဖြန့်ချထားတဲ့ အမေရိကန်ရဲ့ THAAD ဒုံးပျံကာကွယ်ရေး စနစ် ပြင်ဆင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။