တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်း စစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဟာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ဥက္ကဋ္ဌ Zhang Dejiang တို့ဟာ မနေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စရပ်များ ရှေ့ဆက် ဆောင်ရွက်ရေး ဆွေးနွေးကြောင်း ဆင်ဟွာသတင်းက ဆိုပါတယ်။
တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ဥက္ကဋ္ဌ Zhang က တရုတ်သမ္မတ ရှီကျင့်ဖျင်၊ မြန်မာသမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်တို့က နှစ်နိုင်ငံဆက်ဆံရေးကို အခြေအနေ အသစ်တခုအောက်မှာ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ညွှန်ပြခဲ့ပြီး၊ တရုတ်နိုင်ငံအနေနဲ့လည်း ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံ နှစ်နိုင်ငံ မဟာဗျူဟာ ဖွံဖြိုးတိုးတက်မှုအတွက် ညှိနှိုင်း ဆောင်ရွက်မှုနဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကာလရှည်ကြာတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုမိုကောင်းမွန်ယုံကြည်မှုရှိလာမှာဖြစ်ကြောင်း ပြောပါတယ်။
ဒါအပြင် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်အနေနဲ့ မြန်မာ့လွှတ်တော်နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
သူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ မသွားရောက်မီ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
ယခုလဆန်းပိုင်းက မြန်မာသမ္မတ ဦးထင်ကျော်ဟာ တရုတ်ပြည်သို့သွားရောက်ပြီး သမ္မတရှီကျင့်ဖျင် နှင့် တွေ့ဆုံကာ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးမှသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ် ရေးနှင့် ရင်းနှီးမြုပ်နှံမှု မြှင်တင်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတို့တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ၏ ပညာရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် တရုတ်က ဆက်လက်ကူညီရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။