ကမ္ဘာကျော် အငှားယာဉ် ကုမ္ပဏီတခုဖြစ်တဲ့ Uber က လာမည့် ၂၀၂၀ ခုနှစ်မှာ လေကြောင်း တက္ကစီ လုပ်ငန်း စမ်းသပ်လုပ်ဆောင်ဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က Uber ရဲ့ထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ မြို့ကြီးတွေ တဝိုက်က လူတွေသွား လာလှုပ်ရှား နိုင်ဖို့အတွက် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်တဲ့ VTOL ကားပျံစနစ်တခုကို လာမည့် ၂၀၂၀ မှာ ဒူဘိုင်းနဲ့ ဒါးလက်စ် ဧရိယာတွေမှာ စတင်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဝန်ဆောင်မှုလုပ်ငန်းကို အပြည့်အဝလုပ်ဆောင် မှာဖြစ်တယ်လို့ ဆိုပါတယ်။
Uber နဲ့ အကျိူး တူလုပ်ကိုင်မယ့် ကုမ္ပဏီတွေကတော့ Embraer အပါအဝင် တခြားသောလေယာဉ် ကုမ္ပဏီတွေဖြစ်တယ်လို့ သိရပါတယ်။
ထိုပူးပေါင်းဆောင်ရွက်မှုများ၏ရည်မှန်းချက်မှာ အနာဂတ်တွင် ခရီးသည်များအနေဖြင့်ခလုပ်နှိပ်ပြီး မြို့တွင်းမြို့ပြင် မြန်နှုန်းမြင့်လေကြောင်းခရီးစဉ်များရယူနိုင်စေမည့် လိုအပ်လျှင်ရယူနိုင်သော VTOL ကွန်ယက်တခုတည်ဆောက်ရန်ဖြစ်သည်ဟု Uber ၏ကြေညာချက်တွင် ဖေါ်ပြထားပါတယ်။