သတင်းတို

ဖိလစ်ပိုင်တောင်ပိုင်း ငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ထား

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ ပြင်းအား ၇.၂ မဂ္ဂနီကျု့ရှိ အင်အားပြင်းငလျင် ယနေ့နံနက် က လှုပ်ခတ်သွားရာ နိုင်ငံရဲ့ ကမ်းခြေဒေသတွေကို ဆူနာမီသတိပေးချက်ထုတ်ပြန် ထားကြောင်းသိရ ပါတယ်။

အင်အားပြင်းငလျင်ကြောင့် အသေအပျောက်၊ အထိအခိုက် မည်မျှရှိကြောင်း မသိရသေးသော်ငြား လည်း ဒေသတွင်းမီဒီယာအဆိုအရ အိမ်တလုံးပြိုကျသွားတယ်လို့ သိရပါတယ်။

ယနေ့နံနက် ၃နာရီခန့်မှာ တောင်ပိုင်း မင်ဒါနာအိုကျွန်း၏ ဆရမ်ဂါနီပြည်နယ်တောင်ဘက် ၅၃ ကီလို မီတာ အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ ယင်းဗဟိုချက်မှ ကီလိုမီတာ ၃၀၀ အကွာခန့်အထိ ဆူနာမီလှိုင်းလုံးများလာရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

Loading