ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျာမနီ Federal Foreign Office ၏ State Secretary Dr. Markus EDERER နှင့် မနေ့က ဘာလင်မြို့၌ တွေ့ဆုံကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျာမနီ – မြန်မာ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် တည် ဆောက်နိုင်ရန်နှင့် မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုအခြေအနေ၊ နယ်စပ်ဒေသအရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုများကို ဆွေးနွေးကြောင်း သိရပါတယ်။
အလားတူ ဂျာမနီ Federal Foreign Office၏ State Secretary Dr. Markus EDERER ကလည်း နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လိုအပ်သည့်နယ်ပယ်များတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဒုတိယအကြိမ် ဥရောပခရီးစဉ်ကို ဧပြီလ ၂၂ ရက်နေ့က စတင် ခဲ့တာဖြစ်ပြီး ပထမဆုံး သြစထြီးယား နိုင်ငံသို့သွားရောက်ပြီးနောက် ယခုဂျာမနီကို ရောက်ရှိခြင်းဖြစ် ပါတယ်။
ယခုခရီးစဉ်နဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ဖို့ နဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူနိုင်ရေးအတွက် သွားရောက်တာဖြစ်တယ်လို့ စစ်ရေးဆိုင်ရာ အကဲခတ်တွေက ဆိုပါတယ်။