သတင်းတို

အမေရိကန်- တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်

အမေရိကန်- တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီရာ လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုဟာာ ဂျပန်ပင်လယ်ကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ မြောက် ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဒုံးပျံပစ်လွှတ်ပြီး နောက်တရက်မှာ စစ်ရေးလေ့ကျင်မှု စတင်ခြင်းဖြစ်ပါတယ်။

တောင်ကိုရီယားရဲ့ ယွန်ဟပ်သတင်းကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေဟာ အရှေ့ပင်လယ် စစ်ရေးလေ့ကျင့်မှုတခု စတင်လိုက်ပြီဖြစ်ကြောင်း၊ USS Carl Vinson ဦးဆောင်တဲ့အဖွဲထဲမှာ ပဲ့ထိန်းဒုံးပျံတပ် ခရူဇာ စစ်သင်္ဘော USS Lake Champlain နဲ့ ဖျက်သင်္ဘော ၂စီးဖြစ်တဲ့ USS Michael Murphy  နဲ့ USS Wayne E Meyer လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုကို နောက်တပတ်အထိပြုလုပ်မှာဖြစ်ပြီး  မြောက်ကိုရီးယားရဲ့ ပစ်လွှတ်တိုက် ခိုက်နိုင်တဲ့ ဒုံးပျံများကို စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်း နဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်မှာဖြစ် ပါတယ်။

ဒါအပြင် နောက်ဆက်တွဲ စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ဝါမှာ ပြုလုပ်မှာဖြစ်ပြီး မြောက်ကိုရီးယား ကျူး ကျော်မှုနဲ့ အမေရိကန်နဲ့ တောင်ကိုရီယား မဟာမိတ်တပ်များ စစ်ရေးအဆင့်သင့်ဖြစ်မှုကို ရည်ရွယ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ရေပြင်မှာ ရောက်ရှိနေတဲ့ အမေရိကန် နျူကလီးယားရေငုပ်သင်္ဘော USS Michigan ကိုလည်း နစ်မြုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားကလည်း မကြာသေးမီက အရှေ့ဘက်ကမ်းခြေဒေသမှာ အမြောက်ကြီး အလက် ပေါင်း ၃၀၀ ကျော်နဲ့ ပစ်ခတ်လေ့ကျင့်ခဲ့သလို၊ မနေ့ကလည်း ဒုံးပျံတစင်းကို ပစ်လွှတ်ရာ မအောင်မြင်ပဲ ပျက်ကျခဲ့ပါတယ်။

Loading