ဗြိတိန်နိုင်ငံမှ တရုတ်ပြည်သို့ ခုတ်မောင်းလာသည့် ပထမဆုံး ကုန်ရထားဟာ ကီလိုမီတာ ၁၂၀၀၀ ကိုဖြတ်ကျော်ပြီး မနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ယီဝူးမြို့ကို ဆိုက်ရောက်လာခဲ့ပါပြီ။
ဧပြီလ ၁၀ ရက်နေ့က ဗြိတိန်နိုင်ငံကနေ ဆေးဝါးပစ္စည်းတွေ၊ ကလေးပစ္စည်းအသုံးအဆောင်တွေနဲ့ ဗီတာမင် စတဲ့ ကုန်ပစ္စည်းတွေကို တင်ဆောင်ပြီး ထွက်ခွာလာတဲ့ ဒီရထားကို ကုန်သည်တွေနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။
ဒီရထားဟာ တရုတ်ပြည်မှ ဗြိတိန်ကို အဆန်ခရီးမောင်းနှင်ခဲ့ရာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆိုက်ရောက် ခဲ့ပြီး ယခုတဖန် တရုတ်ပြည်ကို အစုန်ခရီး ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဒီခရီးမှာ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ ပိုလန်၊ ဘီလာရုစ်၊ ရုရှားနဲ့ ကာဇက်စတန် စတဲ့နိုင်ငံပေါင်း ၇နိုင်ငံကို ဖြတ်ကျော်ခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ One Belt, One Road အစီအစဉ်အရ လန်ဒန်အပါအဝင် ဥရောပမြို့ကြီး ၁၅ မြို့နဲ့ တရုတ်နိုင်ငံအကြား တိုက်ရိုက်ဆက်သွယ် ထားတဲ့အစီအစဉ်ဖြစ်ပါတယ်။
ဥရောပသမဂ္ဂထဲကနေ ထွက်ခွာတော့မယ့် ဗြိတိန်အတွက်လည်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိုမိုအားကောင်းလာမယ့် အကျိုးအမြတ်ရလာဒ်တစိတ်တပိုင်းဖြစ်ပါတယ်။
Topic –