သတင်းတို

ကင်ဂျုံအန်းနဲ့ တွေ့ဖို့ ဝန်မလေးဘူးလို့ အမေရိကန်သမ္မတပြော

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မှန်ကန်တဲ့အခြေအနေတခုအောက်မှာ မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဖို့ ဝန်လေးနေမှာမဟုတ်ဘူး၊ ဒါဟာ ဂုဏ်ယူရမယ့် ကိစ္စဖြစ်တယ်လို့ Bloomberg သတင်းဌာနနဲ့ တွေ့ဆုံရာမှာပြောလိုက်ပါတယ်။

“နိုင်ငံရေးသမား အများစုကတော့ သူ့လိုဘယ်တော့မှ ပြောမှာမဟုတ်ဘူး၊ ဒါပေမယ့် ကျနော်ကတော့ မှန်ကန်တဲ့ အခြေအနေအောက်မှာတော့ သူ့ကို တွေ့နိုင်ပါလိမ့်မယ်” လို့ သမ္မတ ဒေါ်နယ်ထရမ့် ကပြောဆိုခဲ့တာပါ။

သမ္မတအိမ်ဖြူတော် ပြောခွင့်ရ ရှောင်စပိုက်ဆာကတော့ ကတော့ မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေနဲ့ နျူကလီးယားလက်နက်စီမံကိန်းကို မစွန့်သေးသရွေ့ တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု၊ နျူကလီးယားဖောက်ခွဲမှုတွေကြောင့် အမေရိကန် အစိုးရသစ်က USS Carl Vinson ဦးဆောင်တဲ့ ရေတပ်အုပ်စုကို ဂျပန်ပင်လယ်ပြင်ကို စေလွှတ်ပြီး မဟာမိတ်တောင်ကိုရီးယား နဲ့ ပူးတွဲစစ်ရေးလေ့ကျင်လျှက်ရှိပါတယ်။

အလားတူ မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ခံနေရတဲ့ ဂျပန်နိုင်ငံကလည်း အဆိုပါ အမေရိကန်ရေတပ်အုပ်စု ရဲ့ ထောက်ပံရေးသင်္ဘောကို အကာအကွယ်ပေးဖို့ ရဟတ်ယာဉ်တင်သင်္ဘော အီဇူမိုကို စေလွှတ်ခဲ့ပြီး လိုအပ်ပါ က လက်နက်သုံးဖို့ပါ တာဝန်ပေးခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading