မော်စကို- ဘန်ကောက်ပျံသန်းသည့် ရုရှားလေကြောင်း အဲရိုးဖလုတ်မှ ဘိုးရင်း – 777 အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ မနေ့ကသုဝဏ္ဍဘူမိလေဆိပ်ကို ဆင်းသက်ရန် ချဉ်းကပ်လာစဉ် ပြင်ပ လေထုမငြိမ်သက်မှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၂၇ဦး ထိခိုက်ဒဏ်ရရ သွားကြောင်း သိရပါ တယ်။
လေယာဉ်ပေါ်မှာ ရုရှားအများစုလိုက်ပါလာပြီး ဒဏ်ရာရရှိသူများမှာ ခါးပတ်ပတ်မထားကြောင်း၊ ၁၅ဦး မှာ ဆေးရုံတင်ထားရပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ဘန်ကောက်မြို့ရှိ ရုရှားသံရုံး ထုတ်ပြန် ချက်အရသိရပါတယ်။
ပြင်ပလေထုမငြိမ်သက်မှု ရုတ်တရက်ကြုံတွေရတဲ့အတွက် လေယာဉ်ဟာ လေထဲမှာ အပေါ်အောက် လှုပ်ယမ်းနေတာကြောင့် ခရီးသည်များ ဒဏ်ရာရခဲ့ခြင်းဖြစ်တယ်လို့ ရုရှားသတင်းတွေကဆိုပါတယ်။