သတင်းတို

ဗာတီကန်နှင့် မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် သွားရောက်တွေ့ဆုံကာ ဗာတီကန်စီးတီးနှင့် မြန်မာနိုင်ငံတို့သည် ကြာသာပတေးနေ့က သံတမန် ဆက်ဆံရေး အပြည့်အ၀ ထူထောင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မတ်လက မြန်မာနှင့် သဘောတူညီချက်အရ သံတမန်ဆက်ဆံရေး အပြည့်အ၀ ထူထောင်ခြင်းဖြစ်ပြီး ဗာတီကန်သည် ရန်ကုန်တွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တဦး ခန့်အပ်မည်ဖြစ်ကာ မြန်မာနိုင်ငံကလည်း ဗာတီကန်တွင် သံရုံးတခု ဖွင့်လှစ်မည်ဖြစ်သည်ဟု ဗာတီကန်က ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအရာရှိတို့သည် ကက်သလစ်ဘာသာဝင် သန်း ၁၃၀၀ တို့၏ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးနှင့် မိနစ် ၂၀ ခန့်တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည်အား ပန်းများ ပွင့်နေသော သဲကန္တာရ ပုံပါသည့် ကြေးတံဆိပ်ပြားတခု ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူး နေ့က အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano၊ EU နှင့် ဘယ်လဂျီယံကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ကိုးကား ။ ။ Reuters နှင့် အခြားအေဂျင်စီသတင်းများ

Loading