၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် လက်ရှိအစိုးရ၏ သက်တမ်း ပထမနှစ်အတွင်း မြန်မာအာဏာပိုင်များက အလုပ်သမား ၁၄၇၃၈၁ ဦးကို ပြည်ပသို့စေလွှတ်ခဲ့သည်ဟု မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့သည်။
ထိုအလုပ်သမားများအနက် ၁၁၃၂၁၀ ဦးကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး ၂၅၁၅၄ ဦးကို မလေးရှား၊ ၅၅၀၁ ဦးကို တောင်ကိုရီးယား၊ ၂၄၈၆ ဦးကို ဂျပန်နှင့် ကျန် ၁၀၃၀ ဦးတို့ကို စင်္ကာပူ၊ ကာတာ၊ လာအို နှင့် တရုတ်မက္ကာအိုတို့သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
အခြားနိုင်ငံများ၏ ယဉ်ကျေးမှု၊ လူကုန်ကူးမှုနှင့် လုံခြုံဘေးကင်းရေးဗဟုသုတ၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်၊ အရေးပေါ် ဆက်သွယ်ရေးနှင့် အခြားသိသင့်သည်များအတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြည်ပလုပ်သားများ သင်တန်းကျောင်းများကို ယခုနှစ် ဇန်နဝါရီလက ဖွင့်လှစ်ခဲ့သည်။
အလုပ်သမားများ၏ ကျွမ်းကျင်မှု ယှဉ်ပြိုင်နိုင်စွမ်းမြှင်တင်ရေးအတွက် မြန်မာနိုင်ငံသည် စင်္ကာပူမှ Temasek Foundation of Singapore နှင့် Singapore Polytech Institute in implementing ASEAN Qualification Reference Framework (AQRF) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။
သင်တန်းကျောင်းများတွင် အလုပ်သမားများသည် လေအေးပေးစက်ပြုပြင်ရေး၊ ဘာသာစကားနှင့် ပြည်ပတွင် လုပ်ကိုင်မည့်သူများအတွက် သင်တန်းများ တက်ရောက်ရန် လျှောက်ထားနိုင်သည်။
၂၀၁၆-၁၇ ဘာဏ္ဍာရေးနှစ်တွင် သင်တန်းသား ၂၉၀၀၀ မှတ်ပုံတင်စာရင်းပေးသွင်းခဲ့သည်။