မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်တောင်ရပ်ကွက်တွင် မေ ၈ ရက်နေ့က ရှင်သာမဏေ ၂၅ ပါး အစာ အဆိပ်သင့်ပြီး ဝမ်းပျက်ဝမ်းလျှောခဲ့ကြောင်း သိရသည်။
အဆိုပါရှင်သာမဏေများမှာ ချမ်းမြသာစည်မြို့နယ် သာယာရွှေကူ ဘုရားဝင်းအတွင်းရှိ အောင်ရတနာကျောင်းတိုက်နှင့် အောင်မြေရတနာကျောင်းတိုက်တို့မှ ဖြစ်ပြီး မေ ၈ ရက်နေ့ နံနက်ပိုင်းအချိန်က ဘုံဆွမ်းလောင်းအသင်းတသင်းမှ လှူဒါန်းသော ကြက်သား၊ ဝက်သား၊ သရက်ချဉ်၊ ငါး၊ ဘဲဥ၊ ကုလားပဲဟင်းများကို စားသုံးခဲ့ပြီးနောက် နေ့ခင်းအချိန်တွင် အစာအဆိပ်သင့် ကာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“နေ့ခင်းပိုင်းမှာ ကိုရင်ငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးခန်းကိုရောက်လာတယ်၊ အစားမှားပြီးဖြစ်တာမျိုးပါ၊ အပူချိန်မြင့်မားတာကြောင့်လည်း ပါပါတယ်၊ အားလုံးကို လိုအပ်တဲ့ဆေးဝါးကုသမှုတွေ လုပ်ပေးပြီး အခုဆိုရင် အားလုံး ကောင်းမွန်နေပါပြီ”ဟု ဓမ္မဓရကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါသာမဏေငယ်များမှာ အောင်မြေရတနာကျောင်းတိုက်မှ ၁၃ ပါး၊ အောင်ရတနာကျောင်းမှ ၁၂ ပါး စုစုပေါင်း ၂၅ ပါး ဖြစ်ပြီး မေလ ၃ ရက်နေ့က ရှင်အပါး ၁၇၀ ရှင်ပြုပွဲမှ သာမဏေငယ်များ ဖြစ်ကြောင်း သိရသည်။ အဆိပ်သင့်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည့် သာမဏေငယ်များကို ချမ်းမြသာစည်မြို့နယ် ကျန်းမားရေးဦးစီးမှူး ဒေါက်တာတင်တင်နှင့်အဖွဲ့က မြို့နယ်ဒေသန္တရဆေးခန်း၌ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အလှူ အုန်းနို့ခေါက်ဆွဲကြောင့် အစာအဆိပ်သင့်ခဲ့သူ ၁၀၀ ကျော် ဆေးရုံ ဆင်းပြီ
မွေးနေ့ အလှူတွင် ကျွေးသည့် အုန်းနို့ ခေါက်ဆွဲအား စားမိ၍ ဆေးကုသမှု ခံယူနေရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ကျေးရွာ အုပ်စု ရွာလေး ရပ်ကွက်မှ အစာ အဆိပ်သင့် ခဲ့သူ ၁၀၀ ကျော်...