သတင်းတို

တပ်မတော် ထိပ်ပိုင်းရာထူးများ အပြောင်းအလဲပြုလုပ်

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ထိပ်ပိုင်းရာထူးများ အပါအဝင် အခြားသော ရာထူးနေရာများ အပြောင်းအလဲများ ရှိခဲ့ကြောင်း တပ်မတော် အသိုင်းအဝိုင်းမှ သိရပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ခံရပြီး ကစထ ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့ပါတယ်။

၎င်း၏ နေရာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံက လွှဲပြောင်းတာဝန်ယူမယ်လို့လည်း သိရပါတယ်။

အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖုန်းမြတ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြောင်းရွေ့တာဝန်ယူမယ်လို့သိရ ပြီး၊ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် ခင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခံရပါတယ်။

တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ကို ရာထူးမြှင့်ခံရတယ်လို့ သိရပါတယ်။

ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ ၅)နဲ့ စစ်ဦးစီး အရာရှိချုပ် (ကြည်း)ကို တာဝန်ယူနေတဲ့ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကတော့ စစ်ဦးစီး အရာရှိချုပ် ရာထူးတခု သာ ကိုင်တွယ်တော့မယ်လို့  တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းများ ထံမှ သိရပါတယ်။

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading