ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ် ၁၂၂ လမ်းတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ကိုလတ် (ခ) တင်ထွဋ်ဇော်နှင့် ၎င်း၏ အမျိုးသမီး ဖြစ်သူ မအောင်အောင်မြင့်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူ ဦးသုစိတ္တ၊ ဦးပညာဝံသ၊ မြတ်ဘုန်းမိုရ်၊ ထင်လင်းအောင် အပါအဝင် ၇ ဦးကို ပုဒ်မ ၅၀၅ (ဂ)/ ၃၄ အရ ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန် ဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁ ဦးလှဌေးက ဧရာဝတီသို့ အတည်ပြုပြောသည်။
ရဲတပ်ဖွဲ့က ကိုလတ်(ခ) တင်ထွဋ်ဇော်နှင့် မအောင်မြင်တို့ကို လမ်းပေါ်တွင် သွားလာနေစဉ် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ထိန်းသိမ်းထားသည့်နေရာကို မသိရှိရသေးပေ။