ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ၆ မိုင် စစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်တစီးကို သတင်းအရ ရှာ ဖွေရာ စိတ်ကြွဆေးပြား ၁၆သိန်းခန့် ဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။
ယမန်နေ့ နံနက်ပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ Fuso ကုန်တင် ယာဉ်အား ရှာဖွေစစ်ဆေးရာ ပီနံအိတ် ၅ အိတ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ် သိန်းသောင်းကျော် ရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်တို့ကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။