ပင်လယ်နက်ဒေသရှိ နိုင်ငံတကာ ရေပိုင်နက်ပေါ်မှ ရုရှားနယ်စပ်အနီး ချဉ်းကပ်လာသည့် အမေရိကန် ထောက်လှမ်းရေး လေယာဉ် တစင်းကို ရုရုားဂျက်တိုက်လေယာဉ်တစင်းက ကြားဖြတ်ဟန့်တား ခဲ့ရကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ကြေညာလိုက်ပါတယ်။
မေလ ၉ရက်နေ့က ဂရင်းနစ်စံတော်ချိန် နံနက် ၉နာရီခန့်မှာ အမေရိကန်လေယာဉ် နယ်စပ်ကို ချဉ်းကပ်လာတာကို ရုရှားရေဒါတွေက ထောက်လှမ်းတွေ့ရှိပြီးနောက်မှာ ရုရှားတိုက်လေယာဉ်က တက်ရောက်ပျံသန်း ဟန်တားလိုက်ခြင်းဖြစ်ပါတယ်။
“လေယာဉ်တစင်းကိုလုံခြုံမှုရှိတဲ့ အကွာအဝေးအထိချဉ်းကပ်ပြီးနောက်မှာ ရုရှားလေယာဉ်မှူးဟာ P-8A ပိုစီဒွန်အမျိုးအစား အမေရိကန်ထောက်လှမ်းရေးလေယာဉ်ဆိုတာသိလိုက်ရတယ်။ ရုရှားလေယာဉ်မှူး က အမေရိကန် လေယာဉ်မှူးတွေကို အထူးစစ်ရေးပြပျံသန်းမှုပြုလုပ်ပြပြီး နောက်မှာတော့ အမေရိကန် လေယာဉ်ဟာ ရုရှားနယ်စပ်နဲ့ဝေးရာကိုပျံသန်းသွားပါတယ်” ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ကပြောသည်။
NBC သတင်းကမူ ရုရှား ဆူခွိုင်းဂျက်တိုက်လေယာဉ်တစင်း ပင်လယ်နက်ပေါ်ရှိ နိုင်ငံတကာ လေ ကြောင်းပိုင်နက်တွင် အမေရိကန်လေယာဉ်တစင်းကို ၇မီတာမျှ နီးကပ်စွာ ပျံသန်းစောင့်ကြည့်ခဲ့ ကြောင်း ဆိုပါတယ်။